Month: August 2024

ဂျာမနီလက်ရွေးစင်အသင်းက အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဝါရင့်ဂိုးသမား နော်ယာ

၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာဘောလုံးလောကက အနားယူသွားတဲ့ကစားသမားတွေ များပြားနေစဉ်မှာပဲ နောက်ထပ်နာမည်ကျော်ဂိုးသမားတစ်ဦးကလည်း လက်ရွေးစင်ကစားသမားဘဝကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ပါတယ်။ သူကတော့ အသက်(၃၈)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝါရင့်ဂိုးသမားနော်ယာဖြစ်ပြီး သြဂုတ်(၂၁)ရက်နေ့မှာ သူ့ဆုံးဖြတ်ချက်ကို ကြေညာလိုက်တာပါ။ နော်ယာက "ဒီနေ့ဟာ ကျွန်တော့်ရဲ့လက်ရွေးစင်ကစားသမားဘဝအဆုံးသတ်တဲ့နေပါ"လို့ သူ့ရဲ့Instagram မှာ...

အူဂါတေးကို PSG ကနေ ပေါင်(၅၁)သန်းနဲ့ ခေါ်ဖို့ မန်ယူနိုက်တက် နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

မန်ယူနိုက်တက်အသင်းဟာ ဥရုဂွေးကွင်းလယ်လူ အူဂါတေးကို PSG အသင်းကနေ ပေါင်(၅၁)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ Get Football News France သတင်းမှာ ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ အူဂါတေးကို ခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေကို အဆတ်မပြတ်ပြုလုပ်နေတာပါ။...

နက်တိုနဲ့ ဂျော်အိုဖီးလစ်တို့ ရောက်လာတာကြောင့် စတာလင်နဲ့ ချာလိုဘာတို့ ကျောနံပတ် ဆုံးရှုံး

ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေဖြစ်တဲ့ ပေါ်တူဂီတောင်ပံကစားသမား ပက်ဒရိုနက်တိုနဲ့ တိုက်စစ်ကစားသမား ဂျော်အိုဖီးလစ်တို့ရဲ့ကျောနံပါတ်တွေကို ကြေညာလိုက်တာကြောင့် တောင်ပံကစားသမား စတာလင်နဲ့ နောက်ခံလူ ချာလိုဘာတို့ဟာ သူတို့ရဲ့ကျောနံပါတ်တွေကို ဆုံးရှုံးသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းက ပက်ဒရိုနက်တိုဟာ ကျောနံပါတ်(၇)၊ဂျော်အိုဖီးလစ်က ကျောနံပတ်(၁၄)ဝတ်ဆင်မယ်လို့ ကြေညာခဲ့တာပါ။ ပက်ဒရိုနက်တိုဟာ မန်စီးတီးအသင်းနဲ့...

Subscriber တွေ တဟုန်ထိုးတိုးနေတဲ့ စီရော်နယ်ဒိုရဲ့ UR.Cristiano YouTube Channel

ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုအနေနဲ့ YouTube မှာ Channel အသစ် စတင်ချင်းမှာပဲ စံချိန်တင်ကိန်းဂဏန်းတွေကို ရောက်ရှိခဲ့ပါတယ်။ Channel စတင်ပြီး မိနစ်(၉၀)အကြာမှာ Subscribers (၁)သန်းပြည့်သွားခဲ့ပြီး အရင် Subscribers တစ်သန်းပြည့်စံချိန်ထက် နာရီပေါင်းများစွာ ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့ပါတယ်။...

ရီးရဲလ်မက်ဒရစ်အသင်းကို ကားတစ်စီးလို အရှိန်အတက်အကျထိန်းချုပ်ခဲ့တဲ့ တိုနီကရုးစ်

မော်တော်ကားတစ်စီးမှာ အင်ဂျင်က အဓိကကျတဲ့အရာတစ်ခုဖြစ်ပြီး ကားရဲ့အရှိန်အနှေးအမြန်ကို အဓိကထိန်းချုပ်တဲ့ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂျာမန်ကွင်းလယ်လူတိုနီကရူးစ်ဟာ အသင်းကို အင်ဂျင်တစ်လုံးလို အဓိကထိန်းချုပ်မောင်းနှင်သွားခဲ့တာကို သူနဲ့အသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရိုးက အခုလိုဖွင့်ဟဝန်ခံခဲ့ပါတယ်။ ''ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပွဲတွေက အမြဲတမ်း တိုနီကရူးစ်ရဲ့စည်းချက်နောက်ကို လိုက်နေရတာဗျ။ တကယ်လို့ သူက...

လူငယ်တွေပညာရေး ရန်ပုံငွေပွဲအဖြစ် ကစားမယ့် မန်ယူဂန္တဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္တဝင်အသင်းရဲ့ ဝင်

အင်္ဂလန်အနောက်မြောက်ပိုင်းဒေသက လူငယ်တွေရဲ့ပညာရေးအတွက်ရည်ရွယ်တဲ့ ရန်ပုံငွေပွဲတစ်ပွဲကိုလာမယ့် စက်တင်ဘာလ(၇)ရက်နေ့မှာ မန်ချက်စတာမြို့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာ ကစားမယ့်အသင်းတွေကတော့ မန်ယူနိုက်တက်ဂန္ထဝင်အသင်းနဲ့ ဆဲလ်တစ်ဂန္ထဝင်အသင်းတို့ဖြစ်ပြီး နှစ်ဘက်အသင်းက နာမည်ကျော်ကစားသမားဟောင်းတွေ ပါဝင်ကစားသွားမှာပါ။ မန်ယူနိုက်တက်ဂန္ထဝင်အသင်းမှာ ရွန်နီ၊ ကာရစ်၊ ဖလက်ချာ၊ ဘာဘာတော့ဗ်၊ နစ်ကီဘတ်၊...

ဘာပေရဲ့ ပြောင်းရွှေ့ကြေး အလွတ်လမ်းစဉ်ကို လိုက်ပြီး လီဗာပူးလ်အသင်းကို ဆာလာကို စွန့်ခွာမလား

လီဗာပူးလ်မြို့ထုတ် သတင်းစာတစ်စောင်ဖြစ်တဲ့ Liverpool Echo သတင်းစာရဲ့ အဓိကအားကစားကလောင်ရှင်ဖြစ်တဲ့ အီယန်ဒွိုင်းလ်က လီဗာပူးလ်တိုက်စစ်မှူးဆာလာဟာ အခုရာသီကုန်ရင် လီဗာပူးလ်အသင်းကို စွန့်ခွာတော့မယ်လို့ အတိအလင်းပြောကြားလိုက်ပါတယ်။ အီယန်ဒွိုင်းလ်ဟာ Liverpool Echo သတင်းစာမှာ လီဗာပူးလ်အသင်းအကြောင်းကို အဓိကရေးသားနေသူဖြစ်လို့ သူ့ရဲ့ထုတ်ဖော်ပြောဆိုမှုဟာ လစ်လျူရှုလို့...

ကစားသမားဟောင်း ဂွန်ဒိုဂန်ကို ပြန်လည်ခေါ်ယူဖို့ မန်စီးတီး သဘောတူညီမှု အပြည့်အဝရရှိ

မန်စီးတီးအသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ ကွင်းလယ်လူဂွန်ဒိုဂန်ကို ဘာစီလိုနာအသင်းကနေ အလွတ်နဲ့ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှုအပြည့်အဝရရှိခဲ့ပြီး ကာလတိုစာချုပ်ချုပ်ဆိုသွားမယ်လို့ The Athletic က ဖော်ပြထားပါတယ်။ ဂွန်ဒိုဂန်ဟာ ၂၀၂၂-၂၃ ဘောလုံးရာသီအကုန်က မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် တစ်ရာသီကြာသာကစားအပြီးမှာ...

PFA နေရာအလိုက် အကောင်းဆုံးအသင်းနဲ့ ပတ်သက်ပြီး မန်ယူနိုက်တက် ပရီးမီးယားလိဂ်မှာ ဆိုးရွားတဲ့ မှတ်တမ်းရရှိ

မန်ယူနိုက်တက်အသင်းဟာ ၂၀၂၃-၂၄ ရာသီ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကစားသမားတစ်ဦးမှမပါဝင်ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ဆိုးရွားတဲ့ မှတ်တမ်းတစ်ခုကို ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ခေတ်မှာ မန်ယူနိုက်တက်အသင်းဟာ PFA ရဲ့နေရာအလိုက်အကောင်းဆုံးအသင်းမှာ ကလပ်အသင်းက ကစားသမားတစ်ဦးမှမပါဝင်ဘဲ ပထမဆုံးအကြိမ် နှစ်ရာသီဆက်တိုက်ဖြတ်သန်းခဲ့ရတာပါ။ မန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ...

ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် လူစာရင်းမှာ စတာလင်နဲ့ ဘင်ချီဝဲလ်ကို ချယ်လ်ဆီး ချန်လှပ်

ချယ်လ်ဆီးအသင်းဟာ ဆွစ်ဇာလန်ကလပ် ဆာဗတ်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကွန်းဖရန့်လိဂ် Play-off ပွဲအတွက် UEFA ထံ လူစာရင်းတင်သွင်းရာမှာ တောင်ပံကစားသမား စတာလင်နဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်တို့ကို ချန်လှပ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ စတာလင်နဲ့ ဘင်ချီဝဲလ်တို့အပြင် နောက်ခံလူတွေဖြစ်တဲ့ ဖိုဖာနာနဲ့...