Month: June 2024

ဒိန်းမတ်နဲ့ ပွဲစဉ်မှာ ဖလော်ရီယန်ဗစ်ဇ်ကို ပွဲထွက်လူစာရင်းက ချန်လှပ်ဖို့ နည်းပြနာဂယ်လ်စမန်း စဉ်းစား

ဒီနေ့ကစားမယ့် ဂျာမနီ-ဒိန်းမတ် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ လေဗာကူဆင်အသင်း ကွင်းလယ်ကစားသမား ဖလော်ရီယန်ဗစ်ဇ်ကို ဂျာမနီအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ချန်လှပ်ဖို့ နည်းပြ နာဂယ်လ်စမန်းက စဉ်းစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်အသင်းနဲ့အတူ ဆုဖလား(၂)လုံးရယူနိုင်ခဲ့တဲ့ ဖလော်ရီယန်ဗစ်ဇ်ဟာ...

ဆလိုဗက်ကီးယားနဲ့ပွဲမှာ အင်္ဂလန်ပွဲထွက်လူစာရင်းက ကစားသမားတစ်ဦးသာ ဆောက်ဂိတ်ပြောင်းလဲဖွယ်ရှိ

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ဟာ ဆလိုဗက်ကီးယားအသင်းနဲ့ ကစားမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲ Round of 16 ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းကို တစ်ဦးသာပြောင်းလဲဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေပြသခဲ့တာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲအတူ ဝေဖန်မှုတွေကို...

ဥရုဂွေး အသင်းမှာ ဆက်တိုက် ဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာ စံချိန်ကို လိုက်မှီခဲ့သူ နူနက်ဇ်

လီဗာပူးလ်အသင်းရဲ့ဥရုဂွေးတိုက်စစ်မှူးနူနက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်းရဲ့ဆုဖလားတွေလွဲချော်မှုမှာ သူ့ရဲ့ဂိုးအခွင့်အရေးဖြုန်းတီးမှုအပေါ် အပြစ်ဖို့စရာဖြစ်ခဲ့ပြီး ပရိသတ်တွေ၊ မီဒီယာတွေရဲ့ဖိအားဒဏ်ကို ခံခဲ့ရပါတယ်။ လီဗာပူးလ်အသင်းမှာ ဂိုးသွင်းခွင့်တွေဖြုန်းတီးသူအဖြစ် ဝေဖန်ခံနေရပေမယ့် နူနက်ဇ်က သူ့ရဲ့လက်ရွေးစင်အသင်းဖြစ်တဲ့ ဥရုဂွေးအသင်းအတွက်တော့ ခြေစွမ်းပြဂိုးတွေသွင်းနေပြီး နှစ်(၁၀၀)နီးပါးကြာမြင့်နေတဲ့ စံချိန်ဟောင်းတစ်ခုကိုလည်း လိုက်မီခဲ့ပါတယ်။ နူနက်ဇ်ဟာ လက်ရွေးစင်အသင်းအတွက်...

အင်္ဂလန်ကစားသမားတွေ ဖိအားဒဏ်တွေ လျော့ပါးစေဖို့ ဘီယာသောက်ခွင့်ပေးခဲ့တဲ့ နည်းးပြဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းက ကစားသမားတွေကို ဖိအားလျော့ပါးစေဖို့ အတွက် ဘီယာသောက်ခွင့်ပေးခဲ့တယ်လို့ ဗြိတိန်သတင်းစာ Daily Star ကဖော်ပြခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ပုံမှန်အားဖြင့် ပြိုင်ပွဲကာလအတွင်း သူ့ကစားသမားတွေကို အရက်ဘီယာသောက်သုံးတာကို ခွင့်ပြုတတ်တဲ့နည်းပြမဟုတ်ပေမယ့် အခု ယူရို-၂၀၂၄ ပြိုင်ပွဲမှာတော့ အစဉ်မလာမဟုတ်တဲ့အရာကို...

အာဂျင်တီးနားကစားသမားတွေ ကွင်းအတွင်း ပြန်ဝင်ဖို့နှောင့်နှေးခဲ့လို့ နည်းပြစကာလိုနီ(၁)ပွဲပယ်ခံရ

အာဂျင်တီးနားအသင်းက ချီလီအသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုဒုတိယပွဲစဉ်ရဲ့ပထမပိုင်းအပြီးမှာ အာဂျင်တီးနားအသင်းကစားသမားတွေဟာ ကွင်းအတွင်းပြန်လည်ဝင်ရောက်ဖို့ နှောင့်နှေးကြန့်ကြာခဲ့တာကြောင့် တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(Conmebol)က နည်းပြစကာလိုနီကို(၁)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် စကာလိုနီဟာ ပီရူးအသင်းနဲ့ ကစားမယ့် ကိုပါအမေရိကဖလားပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဂျင်တီးနားအသင်းကို ကွင်းအတွင်းကြီးကြပ်ခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ စကာလိုနီဟာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ရဲ့ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် စိတ်ပျက်နေတယ်လို့...

ဘရာဇီးလ်(၄-၁)ပါရာဂွေးပွဲ Highlight Video

■ Video - ဘရာဇီးလ်(၄-၁)ပါရာဂွေးပွဲမှာ ဘရာဇီးလ်ကွင်းလယ်လူပါကယ်တာလွဲချော်တဲ့ ပယ်နယ်တီ (၃၁ မိနစ်)၊ ဘရာဇီးလ်အတွက်တိုက်စစ်မှူးဗင်နီစီယပ်စ်သွင်းခဲ့တဲ့ ဂိုး(၂)ဂိုး(၃၅ မိနစ်၊ ၄၅+၅ မိနစ်)၊ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ဟိုသွင်းယူခဲ့တဲ့ ဒုတိယဂိုး(၄၃ မိနစ်)၊ ပါရာဂွေးအတွက် နောက်ခံလူအယ်လ်ဒီရီတီသွင်းခဲ့တဲ့ ချေပဂိုးတစ်ဂိုး(၄၈...

ဘရာဇီးလ်နိုင်ပွဲစရပြီး အာဂျင်တီးနား၊ ဗင်နီဇွဲလားတို့နဲ့ အတူ ကိုလံဘီယာ ကွာတားဖိုင်နယ်တက်ခွင့်ရခဲ့တဲ့ ကိုပါအမေရိက

ဒီနေ့မနက်ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပွဲတွေအပြီးမှာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းစလုံး အုပ်စုဒုတိယပွဲတွေကစားခဲ့ပြီးဖြစ်ပါတယ်။ ပထမပွဲတုန်းက ကော်စတာရီကာကို ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့တဲ့ ဘရာဇီးလ်အသင်းက ဒုတိယပွဲမှာ ပါရာဂွေးကို (၄-၁)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး နိုင်ပွဲစရခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်ကစားခဲ့တဲ့ အုပ်စု(D)နောက်တစ်ပွဲမှာတော့နိုင်ပွဲဆက်နေတဲ့ ကိုလံဘီယာအသင်းက ကော်စတာရီကာအသင်းကို (၃-ဝ)ဂိုးနဲ့...

ယူရို-၂၀၂၄ ပြိုင်ပွဲကို ပါဝင်ရင်း ကျောင်းစာမေးပွဲကို လာမင်းယာမားလ် အောင်မြင်စွာ ဖြေဆို

အသက်(၁၆)နှစ်အရွယ်ရှိ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ကစားရင်း ကျောင်းစာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပါတယ်။ လာမင်းယာမားလ်ဟာ ဒီအပတ်ထဲမှာ သူ့ရဲ့စတုတ္ထမြောက် ESO စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့ပြီး ဒါဟာ စပိန်မှာ အထက်တန်းကျောင်းနဲ့ ညီမျှတဲ့ ပညာရေးမှတ်တိုင်ဖြစ်တယ်လို့...

ဆိုရှယ်မီဒီယာမှာ အမေရိကန်ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားမှုကို အမေရိကန် FA ရှုတ်ချ

ဒီမနက်က ကစားခဲ့တဲ့ ပနားမား(၂-၁)အမေရိကန် ကိုပါအမေရိကဖလားအုပ်စုဒုတိယပွဲစဉ်အပြီးမှာ အမေရိကန်တိုက်စစ်မှူး တီမိုသီဝီယာနဲ့ အသင်းဖော်တွေ ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ တိုက်ခိုက်မှုကိုခံခဲ့ရပြီးနောက် အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ဒီလုပ်ရပ်တွေကို ရှုတ်ချတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ တီမိုသီဝီယာဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၈)မိနစ်မှာ ပနားမားကစားသမားတစ်ဦးကို ထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။...

လက်တွဲဖော်မီးဖွားရာ အင်္ဂလန်ကို ပြန်ခဲ့တဲ့ ဖိုဒန် အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်း

မန်စီးတီးအသင်းကွင်းလယ်လူ ဖိုဒန်ဟာ သူ့ရဲ့တတိယမြောက်ကလေးမွေးဖွားဖို့ကိစ္စတွေအတွက် အင်္ဂလန်ကို ပြန်သွားခဲ့ပြီးနောက် ကြာသပတေးနေ့က ဂျာမနီကို ပြန်လည်ရောက်ရှိကာ အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းခဲ့ပါတယ်။ ဖိုဒန်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအုပ်စုပွဲစဉ်(၃)ပွဲစလုံးမှာ အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့သူပါ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)က ဖိုဒန်ဟာ မိသားစုအရေးကိစ္စကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ယာယီထွက်ခွာတယ်လို့...