Month: June 2024

ဇွန်လ ၆ ရက်နေ့ သတင်းအတိုအထွာ စုစည်းမှု

■ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အဲ့ဒါကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်းဟာ သူတို့ရဲ့အာဂျင်တီးနားကစားသမားတွေဖြစ်တဲ့ ကော်ရီယာ၊ဒီပေါလ်၊မိုလီနာတို့ကို ချဉ်းကပ်ပြီး အယ်လ်ဗားရက်ဇ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မာကာသတင်းစာက ဖော်ပြထားပါတယ်။ ■ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူက ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ...

ဟက်ထရစ်မှတ်ထမ်းမှာ အဂွဲရိုး၊ ဘာပေတို့ကို အသာရနေပြီး ဟာရီကိန်းကိုကျော်ဖြတ်ခဲ့တဲ့ ဟာလန်း

မနေ့က နော်ဝေအသင်းနဲ့ ကိုဆိုဗိုအသင်းတို့ကစားခဲ့တဲ့ နိုင်ငံတကာခြေစမ်းပွဲမှာ မန်စီးတီးအသင်းရဲ့နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းက အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ဒီပွဲမှာ နော်ဝေအသင်းက ဟာလန်းရဲ့ဂိုး(၃)ဂိုးနဲ့အတူ (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဟာလန်းအနေနဲ့ သူ့ကစားသမားဘဝမှာ သွင်းယူတဲ့ ဟက်ထရစ်အကြိမ်အရေအတွက်က (၂၂)ကြိမ်အထိရှိလာပါတယ်။ ဒီအရေအတွက်က အခြားနာမည်ကြီးတိုက်စစ်မှူး ဘာပေ၊...

ပရီးမီးယားလိဂ်ရဲ့ရှေ့ရေးကို အပြောင်းအလဲဖြစ်နိုင်တဲ့ မန်စီးတီး နဲ့ ပရီးမီးယားလိဂ် တိုက်ပွဲ

မန်စီးတီးအသင်းက ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို Associated Party Transaction (APT) စည်းမျဉ်းနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတဲ့အမှုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အလှည့်အပြောင်းတစ်ခုဖြစ်သွားနိုင်တယ်လို့ ပရီးမီးယားလိဂ်အသင်းတချို့ရဲ့တာဝန်ရှိတွေက သုံးသပ်ခဲ့ကြပါတယ်။ ၂၀၂၁ ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ကအသစ်ပြဋ္ဌာန်းခဲ့တဲ့ Associated Party Transaction (APT)...

ကစားသမား (၁၈)ဦးအထိ ထွက်ခွာခွင့်ပေးပြီး အသင်းကိုအပြောင်းအလဲလုပ်ဖို့ ဖောရက်စ် စီစဉ်

နော်တင်ဂမ်ဖောရက်စ်အသင်းဟာ စာချုပ်ကုန်ဆုံးတဲ့သူတွေနဲ့ အငှားစာချုပ်ကုန်ဆုံးခဲ့တဲ့ ကစားသမား(၁၈)ဦးအထိ ထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။ နော်တင်ဂမ်ဖောရက်စ်အသင်းဟာ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့ပြီးနောက် (၂)နှစ်ဆက်တိုက် တန်းဆင်းမယ့်အန္တရာယ်ကလွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့ရကာ ပြီးခဲ့တဲ့ရာသီက အဆင့်(၁၇)နေရာမှာ ရပ်တည်ခဲ့တာပါ။ The Reds are celebrating after...

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ မက်ဒီဆင် ချန်လှပ်ခံရ

စပါးအသင်းကွင်းလယ်လူ မက်ဒီဆင်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်အသင်းရဲ့အပြီးသတ်ကစားသမား(၂၆)ဦးစာရင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။ မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ရာသီ ဒုတိယရာသီဝက်မှာ စပါးအသင်းအတွက် ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် အင်္ဂလန်အသင်းရဲ့အပြီးသတ်လူစာရင်းမှာ မပါဝင်မယ့်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ အင်္ဂလန်(၃-ဝ)ဘော့စနီးယားခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့...

မန်ယူနိုက်တက်အသင်းရဲ့ဝင်ငွေအများဆုံးရရှိတဲ့ ကစားသမားစာရင်းမှာပါ ပါဝင်ဖို့ ဘရူနိုဖာနန်ဒက်စ်ဆန္ဒရှိ

ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဝင်ငွေအများဆုံးရရှိတဲ့ ကစားသမားတွေထဲက(၁)ဦးဖြစ်ချင်နေတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ဂိုးသွင်းယူခဲ့ပြီး မန်စီးတီးအသင်းကို FA ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ ဘရူနိုဖာနန်ဒက်စ်နဲ့ မန်ယူနိုက်တက်အသင်းတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ...

ကွယ်လွန်သူ ဦးလေးဖြစ်သူအတွက် ရည်စူးခဲ့တဲ့ ဘာပေရဲ့ဂိုး

မနေ့က ပြင်သစ်(၃-ဝ)လူဇင်ဘတ်ခြေစမ်းပွဲမှာ ပြင်သစ်အသင်းအတွက်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဘာပေဟာ သူ့ရဲ့သွင်းဂိုးကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလေးဖြစ်သူအတွက် ရည်ညွှန်းခဲ့ပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ဦးလေးဖြစ်သူ အဲလက်စ် ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းကြေကွဲနေတာပါ။ ဘာပေဟာ လူဇင်ဘတ်အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ပြင်သစ်အင်္ကျီအောက်မှာဝတ်ဆင်ခဲ့တဲ့ ကွယ်လွန်သူ...

အရိပ်စစ်

၂၀၀၄ ခုနှစ်က အီတလီနိုင်ငံ၊ မီလန်မြို့က ဆန်စီရိုကွင်းမှာကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ ဆွစ်ဇာလန်ကလပ် ဘေဆယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲကို ဘေဆယ်ပရိသတ်တစ်ဦးဖြစ်သူ ရော့ဖ်ဘန်တယ်က အခြားဘေဆယ်ပရိသတ်တွေနဲ့အတူ သွားကြည့်ခဲ့ပါတယ်။ ပွဲအပြီး အိမ်သာသွားရာမှာ အခြားဘေဆယ်ပရိသတ်တွေနဲ့ သူလူချင်းကွဲသွားခဲ့ပြီး အကြိုအပို့လုပ်ပေးတဲ့ ဘတ်စ်ကားကလည်း သူ့ကို...

ဗာရန်း၊မာရှယ် အပါအဝင် ကစားသမား(၇)ဦးနဲ့ လမ်းခွဲကြောင်း မန်ယူနိုက်တက် ကြေညာ

မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီမှာ အသင်းကထွက်ခွင့်ပြုမယ့် ကစားသမား(၇)ဦးစာရင်းကို ကြေညာခဲ့ပါတယ်။ လက်ရှိနည်းပြတန်ဟတ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဝေေ၀ဝါးဝါးဖြစ်နေသေးပေမယ့် အသင်းက ကစားသမားတချို့ကိုတော့ ဆက်လက်လက်တွဲတော့မှာမဟုတ်ကြောင်း မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အတည်ပြုခဲ့တာပါ။ မန်ယူနိုက်တက်အသင်းအတည်ပြုတဲ့အထဲမှာ သတင်းတွေ ကြိုတင်ထွက်ရှိထားတဲ့အတိုင်း ပြင်သစ်နောက်ခံလူဗာရန်းနဲ့ ပြင်သစ်တိုက်စစ်မှူးမာရှယ်တို့ ပါဝင်ခဲ့ပါတယ်။ ဒီကစားသမားတွေက ပြီးခဲ့တဲ့...

နာပိုလီနည်းပြသစ်ဖြစ်လာတဲ့ ကွန်တီ

ပြီးခဲ့တဲ့ဘောလုံးရာသီကို စိတ်ပျက်စရာရလဒ်တွေနဲ့ အဆုံးသတ်ခဲ့ရတဲ့ နာပိုလီအသင်းဟာ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းနည်းပြဟောင်း ကွန်တီကို နည်းပြသစ်အဖြစ်(၃)နှစ်စာချုပ်ချုပ်ဆိုကာ ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ နာပိုလီအသင်းဟာ ၂၀၂၂-၂၃ ရာသီက စီးရီးအေဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြ စပယ်လက်တီထွက်ခွာသွားပြီးနောက် သူ့ရဲ့နေရာမှာ ရူဒီဂါစီယာ၊မက်ဇာရီနဲ့ ကယ်လ်ဇိုနာတို့ကို နည်းပြတွေအဖြစ်ခန့်အပ်ခဲ့ပေမယ့်...